Wednesday, July 25, 2012

ဒကာမ လေး ဝေနှင်း နှင့် အမြင် ဖလှယ်ခြင်း


ဒကာမ လေး ဝေနှင်း
နှင့်
အမြင် ဖလှယ်ခြင်း

  
ဒကာမလေးဝေနှင်း ဦးဇင်းက ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်ပါတယ်။ ဒကာမလေး ဝေနှင်းကို ဦးဇင်း ပထမဆုံး သတိထားသိလိုက်ရတာက အင်္ဂလန်၊ မန်ချက်စတာက လေဘာပါတီကွန်ဖရင့်မှာ ထင်ပါရဲ့။ ဒကာမ လေး မိန့်ခွန်းပြောတုန်းက စပြီးသတိထားမိတာပါပဲ။ အဲဒီ ဗွီဒီယိုကို ကြည့်ပြီး ဦးဇင်းအတော်လေး အားတက်ခဲ့ မိပါတယ်။ အင်မတန်မှ ဂုဏ်လည်းယူခဲ့မိပါတယ်။ နောက် အဲဒီဗွီဒီယိုကို ကြည့်ပြီးတော့၊ ဦးဇင်းမျက်နှာပေါ်မှာ မျက်ရည်တစ်စက်မှ မကျခဲ့ပေမယ့်၊ ရင်ထဲမှာ မျက်ရည်အပြည့်နှင့် ဘုန်းကြီးတန်မဲ့ ဝမ်းနည်းပြီး ငိုခဲ့ဘူးပါတယ်။ ကြိတ်ပြီးတော့လည်း ဝမ်းသာမိခဲ့ပါတယ်။
ဝမ်းနည်းရတဲ့အကြောင်းက ပြည်သူတွေလေးစားတဲ့ ကိုမြအေး၊ ပြည်သူတွေအတွက် အကျဉ်းကျနေတဲ့ ကိုမြအေး၊ ဒကာမလေး ချစ်တဲ့ လေးစားတဲ့ ဒကာမလေးရဲ့ ဖခင်နဲ့ ကွေကွဲပြီး ခွဲခွာနေရတာ သိလိုက်ရလို့ ဝမ်းနည်းတာပါ။ ဝမ်းသာမိတာက ဒကာမလေးက အားမန်အပြည့်နဲ့၊ ခံစားမှုအပြည့်နဲ့၊ ကြားရတဲ့သူတွေ ကြက်သီးမွှေးညှင်းထလောက်အောင် ပြောသွားတာကို မြင်လိုက်ရလို့ ဂုဏ်ယူဝမ်းသာမိခဲ့တာပါ။ ဒကာမလေး ဟာ ဒို့ဗမာပြည်က ဒို့လူမျိုး၊ ဒို့အားကိုးရတော့မယ်ဆိုပြီး ဝမ်းသာခဲ့တာပါ။ မူစလင်မို့လို့၊ ဟိဒ္ဒူမို့လို့၊ ခရစ်ယာန်မို့လို့၊ ဗုဒ္ဓဘာသာမို့လို့ ဆိုတာ ဦးဇင်းတို့ရင်ထဲမှာ မရှိခဲ့တာအမှန်ပါ။ ဒကာမလေး ဘယ်ဘာသာကို ကိုးကွယ် ကိုးကွယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ယုံကြည်ရမယ်၊ အားကိုးရမယ်ဆိုရင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတိုင်း၊ လူမျိုးအားလုံးက လေးစားကြမှာ၊ ကြည်ညိုကြမှာ၊ ချစ်ခင်ကြမှာ၊ အားကိုးကြမှာ မြေကြီးလက်ခတ်မလွဲပါ ဒကာမလေး။
ဒီနေရာမှာကိုကိုကြီးရဲ့စကားကို အငှားယူပြီးပြောရရင် "အမျိုးသားရေးဟာ 'ဆား' လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။"  ဒကာမလေးဆားခတ်ဖို့မေ့နဲ့နော်။
အခု"ဖြေရှင်းရမယ့် လူမျိုးရေး၊ဘာသာရေးပဋိပက္ခ" ဆိုတဲ့ ဗွီအိုအေက ဒကာမလေးရဲ့ အင်တာဗျူးဆောင်းပါးဖတ်ပြီး ဒီစာကို ရေးဖို့စိတ်ကူးလေးရလာတာပါ။ ဒကာမလေးက "အစ္စလာမ်ဘာသာဝင် တစ်ဦးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက်မရှိဘူးရှင့်" လို့ဆိုပြန်တော့ ဝမ်းသာရပြန်ပါပြီ။ အကြမ်းဖက်မှုကို မလိုလားတဲ့၊ အကြမ်းဖက်မှုကို ဆန့်ကျင့်တဲ့ ဒကာမလေး သာဓု သာဓု၊ လူတိုင်း လူတိုင်း အကြမ်းဖက်မှုကို ဆန့်ကျင်သင့်ပါတယ်။ မထောက်ခံသင့်ပါဘူး။ အင်ဒိုနီးရှားက မြန်မာသံရုံးရှေ့၊ အီဂျစ်နိုင်ငံက မြန်မာသံရုံးရှေ့၊ ကူဝိတ်၊ အိန္ဒိယ စတဲ့မြန်မာသံရုံးရှေ့တွေမှာ၊ ကလဲ့စားချေပစ်ရမယ်၊ ဗမာပြည်ကို သွားကြ၊ ငါတို့မူစလင်ညီအစ်ကိုတွေအတွက် လက်စားချေကြဆို့တဲ့ သံရုံးရှေ့က ဆန္ဒတွေ အသံတွေဟာ အင်မတန်ကြောက်စရာ လန့်စရာတွေပါတကား။ အကြမ်းဖက်ရန်ကြံစည်နေကြပြီလား၊ဒါလေးတွေကိုဒကာမလေးအနေနဲ့အကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ငြိမ်းချမ်းရေးကိုလိုလားတဲ့သူတစ်ယောက်အနေနဲ့ဒကာမလေး အဲဒါလေးတွေကို တားမြစ်ပေးဖို့ ဦးဇင်းမျှော်လင့်နေပါတယ်။ တတ်အားသရွေ့ပါ။ အစ္စလာမ်ဘာသာဝင်အချင်းချင်းဆိုတော့ ဒကာမလေးပြောရင်တော့ ရလောက်ကောင်း တန်ရဲ့။
ဒကာမလေးက"ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူးဆိုရင် မင်းတို့ ဘယ်လိုခေါ်ချင်သလဲ" ဆိုတော့၊ ပြည်တွင်းက အတော်များများကတော့ ရိုဟင်ဂျာလို့ မခေါ်ပဲ အင်္ဂလီတွေလို့ခေါ်နေကြပါတယ်။ ဒကာမလေးကတော့ သဘောတူရဲ့လား? ပြီးတော့ အဲဒီဘင်္ဂလီတွေဟာ ဗမာပြည်က တိုင်းရင်းသားတွေ မဟုတ်ကြဘူးလို့ ပြောနေကြပြန်တယ်။ ဒကာမလေးကရော အဲဒီဘင်္ဂလီတွေ ဟာ ဗမာပြည်က တိုင်းရင်းသားတွေမဟုတ်ဘူးဆိုတာကို သဘောတူရဲ့လား လက်ခံရဲ့လား?
နောက်ဒကာမလေးကရန်ကုန်၊မန္တလေးက မြန်မာမူစလင်တွေကိုယ်တိုင် တချို့မှတ်ပုံတင်မရှိတဲ့ အကြောင်းပြောတာ ဘယ်သူမှငြင်းလို့မရပါဘူး။ ဒကာမလေး လုံးဝမှန်တယ်။
ဒါပေမယ့်မှတ်ပုံတင်မရှိဘဲူစလင်အကြောင်းပဲပြောနေတော့ မူစလင်မဟုတ်တဲ့ သူတွေတော့ မှတ်ပုံတင်တွေ ကိုယ်စီရှိနေကြတယ်လို့ ဒကာမလေးယူဆလေသလား၊ သို့တည်းမဟုတ် မူစလင်တွေမရှိတာ ပဲပြောမယ်၊ ဒါပဲစိတ်ဝင်စားတယ်၊ တခြားဟာတွေ စိတ်မဝင်စားဘူး ဆိုတဲ့သဘောလား။ ဒကာမလေး အဲဒီစိတ်မျိုးတော့ မထားပါနဲ့ကွယ်၊ သဘောထားကြီးတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ ဘာသာဝင် အားလုံး အတွက် ပြောပေးပါဦးလို့ ဦးဇင်းတိုက်တွန်းပါရစေ။ စိတ်တော့ မရှိနဲ့နော်။
နောက်တစ်ခုက ဒကာမလေးက "တရားမဝင် လာနေထိုင်တယ်ဆိုပြီး ထားပါအုံး။ တရားမဝင် လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာရှိနေတဲ့ လူ့အခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်သင့်ဘူးလား" တဲ့ ကိုယ်ဟာကိုယ် ပြန်ဖြေကြည့်သေးလား ဒကာမလေး။ ဦးဇင်း ကြိုးစားပြောကြည့်မယ်နော်၊ မှားရင်လည်း ပြင်ပေးပါ။ တရားဝင်နေထိုင်တဲ့ လူရော၊ တရားမဝင်နေထိုင်တဲ့ လူရော အားလုံးလူပါပဲ။ ဒကာမလေးတို့ ဦးဇင်းတို့ တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ မြန်မာတွေ၊ ရှမ်းတွေ၊ ချင်းတွေ၊ မွန်တွေ၊ စတဲ့ စတဲ့ တိုင်းရင်းသားတွေဟာလဲ တရားမဝင်နေထိုင်ကြတာတွေ ထိုင်းနိုင်ငံမှာ၊ မလေးရှားမှာ၊ အိန္ဒိယမှာ ရှိနေကြပါတယ်။ ဒကာမလေးတို့ ဦးဇင်းတို့ရဲ့  ညီအစ်ကို တိုင်းရင်းသားတွေဟာ မတရားအနိုင်ကျင့်ခံကြရတယ်။ ခေါင်းပုံဖြတ်ခံကြရတယ်။ သူတို့တတွေဟာ သူများနိုင်ငံသွားပြီး၊ ငါတို့ကို ဘာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါ။ နိုင်ငံသားအဖြစ် အသိ အမှတ်ပြုပေးပါဆိုပြီးတောင်းဆိုနေကြတာလဲမဟုတ်ပါဘူး။ သူတို့တတွေဟာ မျိုးဆက်တစ်ဆက်နှစ်ဆက် စသည် အဲဒီနိုင်ငံမှာ မွေးဖွားခဲ့ကြပေမယ့် အဲဒီနိုင်ငံသားလည်း မဖြစ်ကြပါဘူး။ လူ့အခွင့်အရေးလဲ သူတို့နိုင်ငံသားတွေနဲ့ တခြားစီ ခွဲခြားဆက်ဆံခံကြရတယ်ဆိုတာ ဒကာမလေးလဲ ကြားလိမ့်မယ်လို့ ဦးဇင်းထင်ပါတယ်။
မလေးရှားမှာ လူ့အခွင့်အရေး ချိုးဖောက်ခံကြရတဲ့ ဒကာမလေးတို့ ဦးဇင်းတို့ရဲ့ တိုင်းရင်းသားတွေ အကြောင်းပြောဖို့လိုလိမ့်မယ်လို့ ထင်မိပါတယ်။ မလေးရှားဝန်ကြီးချူပ်က " We do support human rights, but we must do so within the boundaries set by Islam," လို့ပြောသွားတာ ဒကာမလေး ဘယ်လိုသဘောရလဲ။ ဒကာမလေးတို့ ဦးဇင်းတို့ရဲ့ တိုင်းရင်းသားတွေ ဆုံးရှုံးနေကြရတဲ့ လူ့အခွင့်အရေး အကြောင်းလဲ အားစိုက်စေချင်ပါတယ်။
ဦးဇင်းအနေနဲ့တော့လေ လူချင်းတူပေမယ့် အသက်ရှုကွဲတယ်ဆိုတဲ့ ဗမာစကားပုံကို မမေ့စေချင်ဘူး။ သတိရစေချင်တယ် ဒကာမလေး။ အားလုံးဟာ လူတွေချည်းပဲ လူ့အခွင့်အရေးအတူတူ ရသင့်တယ်လို့ ဒကာမလေးထင်ရင်၊ စစ်အစိုးရအပေါ်ချမှတ်ဖို့ sanction ၊ စီးပွားရေးပိတ်ဆို့ဖို့လှုပ်ရှားနေစရာ၊ ကြွေးကြော်နေစရာ အကြောင်းမရှိတော့ဘူးလို့ ဦးဇင်းထင်တယ်။ ဒကာမလေး ဘယ်လိုသဘောရလဲ။ နောက်တစ်ခုက တရားဝင်နေထိုင်သူနဲ့၊ တရားမဝင်နေထိုင်သူဟာ အခွင့်အရေးချင်းအတူတူပဲလို့ ယူဆရင်၊ ဒကာမလေးတို့နေထိုင်တဲ့ အင်္ဂလန်မှာ တရားမဝင်နေထိုင်တဲ့သူတွေ အိမ်ခန်းငှားလို့ရပါသလား။ မဲပေးပိုင်ခွင့်ရှိပါသလား။ အလုပ်လုပ်လို့ရပါသလား။ ဒကာမလေးကရော အင်္ဂလန်မှာ တရားဝင် နေထိုင်နေတာလား။  လားပေါင်းများစွာပေါ့ ဒကာမလေးရယ်။ အချိန်ရမှ ဖြေပါ။
ပြီးတော့ သတင်းသမားတွေ၊ မီဒီယာသမားတွေ ဆွပေးချက်ကတော့ ပြောစရရာမရှိလောက်အောင် ပါပဲ။ ဆွပေးတိုင်း ကနေလို့တော့လဲ မတော်ဘူးပေါ့လေ။ နောက် ဒကာမလေးပြောသလို facebook ပေါ်က ဆဲတာတွေ ဆိုတာတွေကတော့ လွန်ရောပဲ နှစ်ဖက်လုံးကပဲ ထင်ပါရဲ့။ အေးပေါ့လေ သူတို့တတ်သလောက် မှတ်သလောက် ပြောကြ ရေးကြပေါ့လေ၊ ဆဲတာပဲ တတ်တဲ့လူကလဲ ဆဲတာပဲပေါ့လေ။ လိမ်တဲ့ဟာကလဲ နှစ်ဖက်လုံးကပဲနဲ့ တူပါတယ်။ နောက်တစ်ခုက Burma Campaign UK ကို ဝေဖန်တာကြောင့်တော့ စိတ်မထိခိုက်ပါနဲ့ကွယ်။ ကိုယ့်လူမျိုးကို လာပြီးထိခိုက်လာရင်သာ ကာကွယ်ပါ၊ စောင့်ရှောက်ပါကွယ်။ ဒကာမလေးတို့၊ ဦးဇင်းတို့ ဗမာနိုင်ငံမှာက ဘာသာပေါင်းစုံဆိုတော့ အတူတကွ အေးအေးချမ်းချမ်းနေနိုင်အောင် ကြိုးစားကြရမှာပေါ့ ဒကာမလေး။ မတူညီတာလေးတွေ အတူတူမြင်ရတာလဲ တမျိုးကြည်နူးစရာပါပဲ။ မတူညီတာတွေ အတူအေးချမ်စွာ နေထိုင်ခြင်းဟာ သဘောထားကြီးမြတ်ခြင်းပဲမဟုတ်လား။ တနည်းဆိုရရင် အဲဒါ ဒီမိုကရေစီပဲ မဟုတ်လား။ နောက် ဒီမိုကရေစီနိုင်ငံကြီးမှာဆိုရင် အစ္စလာမ်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်မဟုတ်ဘဲ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်စသည်တို့ ထိမ်းမြားမင်္ဂလာပြုရင်၊ ဘယ်ဘာသာထဲကိုမှ ကူးပြောင်းစရာမလိုဘဲ၊ မတူညီတာတွေ အတူတကွနေနိုင်ကြတော့မယ်။ အဲဒါ ဒီမိုကရေစီ မှတ်တာပါပဲ။ တစ်နည်း အဲဒါအမြင်ကျယ်တာပေါ့နော်။ သြော် ကိုကိုကြီးပြောတဲ့ "ဆား" ကိုလဲ မမေ့နဲ့နော်။
နောက် ဒကာမလေးနဲ့ ဒကာမလေးရဲ့ Burma Campaign UK အနေနဲ့ ရိုဟင်ဂျာတွေကို ကူညီတယ်။ ပံ့ပိုးမှုတွေရှိတယ်။ အထူးသဖြင့် ဗြိတိသျှပါလီမန်မှာ သွားပြီးတော့ တင်ပြနိုင်ဖို့ ကူညီနိုင်တယ်ဆိုရင်၊ ဒကာမလေး အနေနဲ့ Burma Campaign UK နဲ့တွဲပြီး မိမိတို့တိုင်းရင်းသား ညီအစ်ကိုအရင်းအချာတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ မြန်မာတိုင်းရင်းသားတွေ၊ စသဖြင့်ပေါ့လေ သူတို့ကိုလဲပဲ ဗြိတိသျှပါလီမန်မှာသွားပြီး လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေတိုင်းတစ်ပါးမှာတရားမဝင်နေထိုင်သူတွေရော တရားဝင် ကောင်းမွန်စွာ သကက်မွေးဝမ်းကြောင်ပြုနေ ရသော်လည်း လူ့အခွင့်အရေးအပြင် အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရတာတွေ
  တင်ပြနိုင်ဖို့ ပံ့ပိုးကူညီပါလို့ ဦးဇင်းမေတ္တာရပ်ခံပါတယ်။
တိုင်းပြည်နဲ့ ဗမာပြည်က တိုင်းရင်းသားတွေအားလုံးရဲ့ အကျိုးကို မှန်ကန်ဖြောင့်မတ်ရိုးသားစွာ အနာဂတ်လူငယ်တွေပါ စံထားနိုင်အောင် ဆထက်တပိုးဆက်လက်ပြီး ဆယ်ပိုးဆောင်ရွက်နိုင်ပါစေ။
                                                                                     မေတ္တာများစွာဖြင့်
                                                                                ဘုန်းဘုန်း ဦးကောဝိဒ
                                                                                  Read more

Saturday, July 21, 2012

Taliban condemn Burmese Muslims’ massacre

Strongly condemning the ongoing massacre of Muslims in Burma (Myanmar), Afghan Taliban on Friday called upon the world to immediately take steps to stop the killings.
       Taliban Spokesman Zabihullah Mujahid also urged the Burmese government to immediately stop the grave violation of human rights. Read more

Friday, July 20, 2012

Malaysian PM warns against liberalism, pluralism

Malaysian Prime Minister Najib Razak said he supported human rights but "within the boundaries set by Islam",Read more!

Thursday, July 19, 2012

WHO KILLED AUNG SAN?

Who really killed Bogyoke Aung San was the British government. It was their plot.
 I suppose there were three reasons why he was killed. Firstly, Bogyoke Aung San was the leader who could organise and unite the whole country so they were afraid of the whole of Burma uniting. This was the main reason. Secondly, Bogyoke Aung San could reunite with the Communist Party of Burma. They were worried about that too. And finally, they supposed that they could handle Burma more easily if they removed him. These were the reasons why he was killed. Read more

Tuesday, July 17, 2012

Nationalism is like salt!

  အမျိုးသားရေးဟာ “ဆား” လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။ ကျနော်တို့က အမျိုးသားရေးကို ချိန်ချိန်ဆဆနဲ့ ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး၊ နိုင်ငံတကာ မိသားစုနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ဆိုတာတွေကို တပြိုင်နက်တည်းမှာ တည်ဆောက်ကြရမှာပါ။ link


Sunday, July 15, 2012

  တတ်နိုင်သလောက်ကူညီပါရစေ၊ ဗမာ နိုင်ငံ နှင် ဗမာလူမျိုးတွေ ရဲ့ အကြောင်းကို ဂဃနဏ မသိကြတဲ့ နိုင်ငံကြားသားတွေက ဘင်္ဂလီ အရေးနှင့် ပတ်သက်ပြီး၊ ဗမာတွေနဲ ဗမာ ဘုန်းတော်ကြီးတွေဟာ ရက်စက်တယ်၊ လူမျိုးရေးခွဲခြားတယ်လို့ တဖက်သတ် မြင်နေကြပါတယ်။ သူတို့ဟာ ၆၀(သို့) ၇၀ ရာခိုင်နုံးပြည့်တောင်မရှိလှတဲ လူမူရေးရူထောင့်တခုထဲ က ပြောဆို ကဲရဲ့နေကြတာတွေများပါတယ်။ သမိုင်းရူထောင့်၊ ဥပဒေရူထောင့်၊ နိုင်ငံရေးရူထောင့်၊ အမျိုးသားအရး ရူထေင့်၊ ဘာတခုမှ မကြည့်ဘဲ ဝေဘန်ကဲရဲ့နေကြတာ တွေ့ရပါတယ်။ အဲဒီလို ကောင်းကောင်းနားမလည်ကြတဲ နိုင်ငံခြားသား တွေဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအနေနဲ့ မိမိတို့ရဲ တိုင်းရင်းသားတွေကို ကဲရဲ့ ဝေဖန်ပြီး၊ ဘင်္ဂလီတွေကို ကာကွယ် ထောက်ခံ တာကို မျှော်လင့်နေကြပါတယ်။ အဲဒါကတော ဆင့်ဟာ ကို ခွေးမျှာ်လို ဖြစ်နေတောမယ် ဆိုတာ သူတို့ သဘော မပေါက်ရှာကြပါ။ ဒါပေမဲ ဒါဟာ ဒုက္ခယောက်သူကို မသနားလို့မဟုတ်ပါ၊ ဒုက္ခရောက်သူတိုင်းကိုသနားပါတယ်။ ဂဒါဖီလို၊ ဆဒန်ဟူစိန်လို၊ သန်ရွှေလို ရက်စက်ယုတ်မာသူများကိုတောင်သနားပါတယ်။ ဗုဒ္ဓဘုရား ဟာ ဒေဝဒတ်လို ပုဂ္ဂိုလ် ကိုတောင်သနားတတ်တယ် ဆိုတဲ၊ ဗုဒ္ဓဘာသာတွေရဲ့ စိတ်ကို သူတို့သဘောမပေါက်ကြရှာပေ။ ဒေဝဒတ် ဒုက္ခရောက်တာ၊ သူငရဲကြတာ မြတ်စွာဘုရားက မသနားလို့မဟုတ်ဘူးဆိုတာကိုလဲ သူတို့တွေ သဘောပေါက်နိုင်ကြလိမ့်မည် မထင်ပေ။ ရှိစေတော ရှိစေတော၊ ကိုယ်လုပ်စယာရှိတာကိုသာ စိတ်ရှည်ရှည်ထားပြီ လုပ်ကြပါစို့။ link




Friday, July 6, 2012

Judge





Dear sisters and brothers and seekers after truths,
Not to see pleasant is painful and painful is the sight of the unpleasant.
We live in a world that thrives on conflict. Conflict is being rooted in envy and avarice. Where there is conflict, there are people who are sufferings. And when good people/ good-hearted people have heard about these, they try to show their compassion. Compassion covers the emotional or feeling side of our nature. And we try to preach what we feel is true, even without proper understanding. Sometime even we try to force everyone else to accept it. The more we try to make conditions conform to our ideas, the more frustrated we get. 


People who are emotional are very sensitive, and they are mainly concerned with likes and dislikes, pleasant and unpleasant feelings, no matter whether their judgment is right or wrong. The result is that we end up being good-hearted fools, very kind people but with little or no understanding.
    We judge, we judge and we judge……  (Sometime judge alone just fan the flame)
   We judge, react and take things according to our nature. We act and react to outside stimuli according to our nature. That is we see everything through colored glasses of our own, therefore if a person is supposed to be broad-minded and unprejudiced he/she can be only to the extent of his/her particular nature.
  Right understanding is a key note in everything. Let’s try to develop right understanding. Let’s try to use our intelligence for reflection and contemplation of things.

Wednesday, July 4, 2012

အမျိုးမာန်တက် အပြောရခက်သူ အကြောင်း


ဘုရားရှင်လက်ထက်က တိဿဆိုတဲ ရဟန်းတပါး ရှိခဲ့ဘူးပါတယ်။ အဲဒီ တိဿဆိုတဲ့ ရဟန်းဟာ မြတ်စွာဘုရား နဲ့အမျိုးတော်တယ်။ (သုဒ္ဓေါဒနမင်းကြီးရဲ့ နှမတော် အမိတာဒေဝီ မိဘုရားရဲ့ သား) ဖြစ်ပါတယ်။ အရွယ်ရောက်ပြီမှ၊ အရွယ်ကြီးမှ ရဟန်းဘဝ ရောက်ပါတယ်။ (တနည်း တောထွက်ရဟန်း)
ပြီးတော့ သူရဟန်းဘဝ ရောက်လာတာပုံကလဲ (သဒ္ဓါပဗ္ဗဇိတ)ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊ သာသနာ ကိုကြည်ညိုလို့ ရဟန်းပြုသူမဟုတ်ဘဲ၊ (အသပြာပဗ္ဗဇိတ) လာဘ်လာဘ ကိုမျှော်ကိုးလို့ရဟန်းပြုသူဖြစ်ပါတယ်။ မြတ်စွာဘုရားနှင့် ဝမ်းကွဲညီအကိုတော်ပေမဲ့ သူဟာ မြတ်စွာဘုရားကို နားမလည်၊ နားလည်အောင်လည်းမကြိုးစား။
       
  သူဟာ မြတ်စွာဘုရားကို မြတ်စွာဘုရားအဖြစ် နားမလည်ပဲ၊ သူဦးနောက်တိမ်တိမ်နဲ့ မြတ်စွာဘုရားကို သာကီဝင်မင်းသား တဦးအနေလောက်ပဲနားလည်ပါတယ်၊ မြတ်စွာဘုရားကို သဒ္ဓတ္ထမင်းသားတစ်ဦးလို သူနားလည်ထားတယ်။ ဘုရားမဖြစ်ခင် သဒ္ဓတ္ထ နှင့် ဘုရာဖြစ်ပြီး သဒ္ဓတ္ထ ဟာ ပုဂ္ဂိုလ်တစ်ဦးတည်း ဆိုပေမဲ အခြေနေနှင့် အချိန်အခါ တွေရဲ့ မတူညီချက်ကို တိဿ ဆိုတဲ့ ရဟန်း သပေါမ ပေါက်ရှာပါ။
         သူသပေါ ပေါက်တာက သာကီဝင်မင်းသား ဖြစ်တဲ့ မြတ်စွာဘုရား ဟာ လာဘ်လာဘပေါတယ်၊ ကြည်ညိုလေးစာသူပေါတယ်။ ဒါကြောင့် မြတ်စွာဘုရားနှင့် အမျိုးတော်တဲငါ၊ သာကီဝင်မင်းသားဖြစ်တဲငါလဲ သင်္ကန်းဝတ် ရဟန်းပြုရင်တော၊ မြတ်စွာဘုရားရဲ အရှိန် နှင့် ငါလဲ လာဘ်လာဘတွေနှင့် ကြည်ညိုလေးစားတဲလူတွေပေါမှာပဲဆိုတဲ့ရည်ရွယ်ချက်နှင့် အသက်ကြီးမှ ရဟန်းဘောင်ဝင် သင်္ကန်းဝတ်လိုက်ပါတယ်။ (ကောင်းလိုက်တဲ့ရည်ရွယ်ချက်၊ ကြံ့ဖွတ်ဝင်တဲ့ရည်ရွယ်ချက်လိုလို ဘာလိုလို)

     သင်္ကန်းဝတ်ပြီး ရဟန်း ဖြစ်တာနဲ ချက်ချင်း ဆိုသလိုပဲ တိဿ ဆိုတဲ ရဟန်း ဟာ၊ သူ့ရည်ရွယ်ချက်ဖြစ်မြောက်ရေး၊ အကောင်အထည်ပေါ်ပေါက်ရေး စ တောတာပါပဲ၊ ဒါကြောင့် တိဿ ရဟန်း ဟာ ဇေတဝန်ကျောင်းတိုက်ကြီးရဲ အလည်ဗဟိုမှာရှိတဲ ဧည့်သည် အလာများတဲ ဧည့်ခံ ဇရပ်ကြီးပေါ်မှာ ဆရာတော်ကြီးဂိုက်နဲ မိန့်မိန့်ကြီးထိုင်ပြီး သီတင်းသုံးနေပါတောတယ်။ အဲဒီမှာ ရပ်ဝေး ရပ်နီးက လာသမျှ ဧည့်သည်၊ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာသမျှ ဧည့်သည် များဟာ  ဧည့်ခံဇရပ်ကြီး  ဝင်ကြပါတယ်၊ ဝင်တာနဲချက်ချင်း ဆရာတော်ကြီးဂိုက်နဲ မိန့်မိန့်ကြီးထိုင်နေတဲ တိဿ ဆိုတဲရဟန်းကို တွေ့ မြင်ကြရတာပဲ၊ မြင်တာနဲ ဧည့်သည် အာဂန္တုရဟန်းမျာကလဲ တဿရဟန်းကို ဆရာတော်ကြီး ထေရ်ကြီး ဝါကြီး သက်တော်ကြီးရင့်တဲ ဆရာတော်ကြီးပဲထင်ပြီး     အရိုအသေ ပြုကြ၊ ဝတ်ကြီးဝတ်ငယ်ပြုကြ၊ ခြေဆုပ်လက်နယ် လုပ်ပေးကြပါတောတယ်။ အဲဒါကို ဘာမှမပြောဘဲ စိတ်ထဲမှာ ကျိတ်ပြီး ဝမ်းသာနေပါတောတယ်။

        အဲဒီအချိန်မှာ ရဟန်းငယ် တပါး က၊ အရှင်ဘုရား ဝါတော်ဘယ်လောက်ရှိပြီလဲဘုရားလို့မေးလိုက်တော၊ တဿ ဆိုတဲ ရဟန်းက  ငါတို့က အသက်ကြီးမှ ရဟန်းဘဝရောက်တာပါကွာ၊ တစ်ဝါမှ မရသေးပါဘူဆိုပြီး ပြန်ပြောသတဲ။

        အဲဒီတော ရဟန်းငယ် က အရှင်ဘုရား၊ အရှင်ဘုရားက ဝိနည်းသိက္ခာပုဒ် ကိုမလေးစား တဲပုဂ္ဂိုလ်ဲ၊ယဉ်ကျေးမူ မရှိတဲ ပုဂ္ဂိုလ်ပဲ ကိုယ့်ရဲ အတိုင်းအတာကို မသိတဲ ပုဂ္ဂိုလ်ပဲ၊ အရှင်ဘုရားက ကြွလာတဲ ထေရ်ကြီး ဝါကြီး ကိုယ့်ထက်ကြီးကြတဲ ရဟန်းတွေကြွလာတာမြင်လျှက်နဲ့ ရိုသေလေးစားတဲ အမူအရာလဲ မပြဘူး၊ သူများက လာပြီး ဝတ်ကြီးဝတ်ငယ် အရိုအသေ လာပြုလျှင်လဲ အရှင်ဘုရားက တဝါမှ မရသေးတဲ့အကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်းဘာမှ မပြောဘဲ မထေရ်ကြီးယောင်ဆောင်ပြီး တိတ်တိတ် ဆိတ်ဆိတ်ကလေး ကျိတ်ပြီး အရှင်ဘုရားက ဝမ်းသာနေသေးတယ်၊ အရှင်ဘုရားလိုပုဂ္ဂိုလ် ဒီသာသ တော်မှာ ရှိတာ အံ့ဩပါရဲ့၊ (ရဟန်းတောထွက်အပြာခက် ဆိုတာ အရှင်လို ပုဂ္ဂိုလ်တွေကိုပြောတာဖြစ်မယ်” )လို့လဲပြောလိုက်တော့

        တိဿဆိုတဲ့၊ အသက်ကြီးမှ ဝတ်လာတဲ ရဟန်းဟာ မင်းမျိုး၊ဘုရင်မျိုး၊ ခတ္တိယမျိုးနွယ် ဖြစ်တဲအတွက် ရဟန်းငယ်စကားကိုကြားလိုက်တာနဲချက်ချင်း ခတ္တိယမာန်ကို နိုးဆွလိုက်သလို ဖြစ်သွားပါတဲအတွက်၊ တိဿဆိုတဲရဟန်း၏ ရင်ထဲ ဒေါသမီးဟုန်းဟုန်းထပြီး  နင်တို့ဘယ်သူ့ဆီလာကြတာလဲ၊လို့မေးလိုက်တော့ တပည့်တော်တို့ မြတ်စွာဘုရားဆီလာတာဘုရားပြောတော၊ နင်တို့ ငါ့ကို ဘယ်လိုပုဂ္ဂိုလ်ထင်ကြလို့လဲ၊ နင်တို့လို အနိမ့်စားပုဂ္ဂိုလ်က ငါလို အမြတ်စားပုဂ္ဂိုလ် ကို မထီလေးစားပြောကောင်းလားဆိုပြီးဒေါသဟုန်းဟုန်းထသွားပါတောတယ်။

        တိဿမထေရ်ရဲ့စိတ်ထဲမှာ မြတ်စွာဘုရားလဲခတ္တိယ၊ ငါလဲခတ္တိယ၊မြတ်စွာဘုရားလဲသာကီဝင်မင်းမျိုး၊ ငါလဲသာကီဝင်မင်းမျိုး၊ မြတ်စွာဘုရားကို ကြည်ညိုနိုင်လျှင် ငါ့ကိုလဲ ကြည်ညိုနိုင်ရမယ်၊ မြတ်စွာဘုရားကိုရှိခိုးနိုင်လျှင် ငါ့ကိုလဲ ရှိခိုးနိုင်ရမယ် ဆိုတဲစိတ်သူ့ရင်ထဲမှာကိန်းအောင်းနေပါတယ်။ ဒါကြောင့် နင်တို့ကိုကြူပင်ခုတ်ကြူငုတ်မကြံ အမြစ်ကရှင်းပြစ်မယ်ဆိုတဲ စိတ်နဲ၊ မြတ်စွာဘုရားဆီကိုသွားတိုင်ကြားပါတောတယ်။ မျက်ရည်ထွက်လောက်အောင် ဆတ်ဆတ်ခါ နာကြည်းသွားတာပေါ။

        အဲဒီအခါမှာ မြတ်စွာဘုရားက-

 *“တိဿ၊ ဘာကိစ္စ လျှောက်ထားဖို့ ရှိသလဲ။

                        မှန်လှပါ၊ အာဂန္တု ရဟန်းတွေက တပည့်တော်ကို ဆဲကြပါတယ်ဘုရား။

                        *“သင်က ဘယ်နေရာမှာ ရှိနေခဲ့သလဲ၊

                        မှန်လှပါ၊ တပည့်တော်က ဇေတဝန်ကျောင်းတိုက်ကြီးရဲ့ အလယ်ဗဟိုမှာ ရှိတဲ့

                        ဧည့်ခံဇရပ်ကြီးပေါ်မှာ နေပါတယ်ဘုရား။

                        *“အဲဒီတော၊ အာဂန္တု ရဟန်းတွေလာ တာကို မြင်ပါသလား၊

                           မှန်လှပါ၊ မြင်ပါတယ်ဘုရား၊

*“ခရီးဦး ကြိုဆိုခြင်း ဆိုတဲ့ အလုပ်ကိုယော လုပ်သလား၊

 “မလုပ်မိပါဘုရား၊

*“ပရိက္ခရာများကို လှမ်းယူတာတို့ဘာတို့ လုပ်သလား၊

 “မလုပ်ပါဘုရား၊

*“ကြွလာတဲ အာဂန္တု မထေကြီးတွေအတွက်၊ သောက်ရေ ကပ်တာတို့၊ အိပ်ရာ၊နေရာ ခင်းပေးတာတို့ စတဲ့ အလုပ်တွေကိုရော လုပ်သလား။

 မလုပ်ပါဘုရား။

*တိဿ၊ဒါဆို သင့်မှာသာ အပြစ်ရှိတယ်၊ ကြွလာကြတဲ့ ဧည့်သည် အာဂန္တု တွေအတွက် ဧည့်ဝတ်ကျေပွန်အောင်ပြုလုပ်ရမည့်တာဝန်သင့်မှာ ရှိပါတယ်၊ အဲဒီလိုမှ မလုပ်နိုင်လျှင်၊ မလုပ်ချင်လျှင် ဧည့်သည်တွေ ဝင်ထွက်သွားလာတဲ့ ဧည့်ခံဇရပ်မှာ မနေသင့်ဘူး၊ ဧည့်ခံဇရပ်မှာ နေလျှင် ဧည့်သည် အာဂန္တုက ရဟန်းများအပေါ်မှာ ဝိနည်းဒေသနာတော်အရ ဧည့်ဝတ်ကျေပွန်ရမယ်၊ ဧည့်ဝတ်ကျေပြုခြင်းဟာ အိမ်ရှင်တို့ရဲ တာဝန် ဝတ္တရား ဖြစ်တယ်၊ ဒါကြောင့် ဧည့်သည် အာဂန္တု ရဟန်းတွေကို ကျေနပ်အောင် သင်တောင်းပါလိုက်ပါလို့ မြတ်စွာဘုရားက မိန့်ကြားလိုက်ပါတယ်။

    မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်ကိုကြားရတဲအခါ တိဿရဟန်း ဟာ အင်မတန် တုန်လုပ်သွားပါတောတယ်။ ဘာလို့လဲဆိုတော တိဿရဟန်းရဲ့ ရင်ထဲ စိတ်ထဲမှာ၊ သူဟာ မြတ်စွာဘုရားနှင့် အမျိုးတော်တယ်၊လူမျိုးချင်းတူတယ်၊ ဒါကြောင့် လူမျိုးချင်းတူတဲ့ မြတ်စွာဘုရားက သူ့ကို ဖေးဖေး မမနှင့် မျက်နှာသာပေးလိမ့်မယ်လို့၊ အကာအကွယ်ပေးလိမ်မယ်ဆိုတဲ့စိတ်နှင့်မျှော်လင့်ခဲတယ၊ဒါပေမယ့်မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်နှင့် တိဿရဟန်းရဲ့မျှော်လင့်ချက်ဟာ  ပြဒါးတလမ်းသံတလမ်းဖြစ်သွားခဲ့ပါတယ်၊မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်သွားခဲပါတောတယ်

 မြတ်စွာဘုရားက တိဿမထေရ် အား အာဂန္တု ရဟန်းတွေကို ကြေနပ်အောင် တေင်းပန် ပါလို့ မိိန့်တဲ့အခါ၊ တိဿရဟန်းက ငြင်းတယ် တပည့်တော်မှာ အပြစ်မရှိဘူးဘုရား ဒါကြောင့် တပည့်တော်အနေနဲ့ တောင်းပန် စရာ အကြောင်းမရှိဘူးဘုရား မတောင်းပန်နိုင်ဘူးဘုရား၊ အဲဒီ အာဂန္တု ရဟန်းတွေကသာ တပည့်တော်ကိုဆဲတယ်ဘုရား၊ ဒါကြောင့် သူတို့သာလျှင် အပြစ်ရှိတယ်ဘုရား လို့ မျက်စိဇုံမိတ်ပြီး ငြင်းပါတောတယ်။

   အဲဒီတော အာဂန္တုကရဟန်း တွေကပဲ “ဘုန်တော်ကြီးတော်မူသောမြတ်စွာဘုရား၊ ဒီ တိဿဆိုတဲ ရဟန်းဟာ အလွန် ဆိုဆုံးမရခက်တဲ ပုဂ္ဂိုလ်၊ အလွန်ကို ခေါင်းမာတဲပုဂ္ဂိုလ် ပါဘုရား” လို့ လျှောက်ထားတော၊ မြတ်စွာဘုရားက “ချစ်သားတို့ ယခုဘဝ မှာသာ ခေါင်းမာတာ၊ ဆိုဆုံးမရခက်တာ မဟုတ်ဘူး၊ ဟိုအတိတ်ကာလ ဒေဝီလ  ရသေ့ဘဝနှင့်တုံးကလဲ ပြောရခက် ဆိုရခက်နှင့် ခေါင်းမာတဲ ပုဂ္ဂိုလ်ဖြစ်ခဲဘူးတယ်“ လို့မိန့်တော်မူပြီး တိဿရဟန်ရဲ့ အတိတ်ကာလဘဝက ဒေဝီလ ရသေ့ ကြောင်းကိုဟောကြားတော်မူခဲ့ပါတယ်။ (ဆက်ရန်)

Powered by Blogger.

Popular Posts

FB Share it~!

Labels